လီဗာပူးလ်အသင်းဟာ စတုဂတ်အသင်းကွင်းလယ်လူ အန်ဒိုကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီး စတုဂတ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းပေးချေရမယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ အဓိကပစ်မှတ်တွေဖြစ်တဲ့ ကိုင်စီဒိုနဲ့ လာဗီးယားတို့ကို မခေါ်ယူနိုင်ခဲ့ပြီးနောက် အန်ဒိုကို ခေါ်ယူဖို့ လှုပ်ရှားလာခဲ့ပြီး အခုဆို အပြောင်းအရွှေ့ဖြစ်ဖို့ သဘောတူညီမှုရရှိသွားခဲ့တာပါ။လီဗာပူးလ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ အဓိကကွင်းလယ်လူတွေကို ဆုံးရှုံးခဲ့ပြီးနောက် ဂျပန်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
အန်ဒိုဟာ ပြီးခဲ့တဲ့ရာသီက စတုဂတ်အသင်းအတွက် ပွဲပေါင်း ၄၀ ပါဝင်ကစားခဲ့ပြီး ၆ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ဂျပန်ကစားသမားဟာ ပြီးခဲ့တဲ့ စတုဂတ်အသင်းက ဘာလင်ဂမ်အသင်းကို အနိုင်ရခဲ့တဲ့ ဂျာမန်ဖလားပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အန်ဒိုအပြင် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂရာဗန်ဘာ့ဂျ်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ဂရာဗန်ဘာ့ဂျ်ဟာ ပြီးခဲ့တဲ့ရာသီကမှ အေဂျတ်စ်ကနေ ဘိုင်ယန်မြူးနစ်အသင်းထံ ရောက်ရှိလာခဲ့ပြီး ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် ပုံမှန်ကစားခွင့်ရမယ့် အသင်းကို ပြောင်းရွှေ့ချင်နေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။