နေမာက သူဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ချင်တာကြောင့် ဥရောပဘောလုံးလောကကို စွန့်ခွာဖို့ ဆုံးဖြတ်ပြီး အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာလို့ ပြောခဲ့ပါတယ်။

နေမာဟာ ၆ နှစ်ကြာကစားခဲ့တဲ့ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။နေမာဟာ ဆော်ဒီကလပ်နဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ပေါင်သန်း ၂၆၀ ရရှိမှာဖြစ်ပါတယ်။ဒါဟာ နေမာအတွက်တော့ ပီအက်စ်ဂျီမှာရနေတဲ့ လုပ်ခလစာရဲ့၆ဆ ဖြစ်တာပါ။
ဒါပေမယ့် နေမာတော့ ပီအက်စ်ဂျီကနေ ထွက်ခွာလာတာဟာ ငွေကြေးကြောင့်မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။နေမာက “ကျွန်တော်ဟာ ဥရောပမှာ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပြီး ထူးခြားတဲ့ အခိုက်အတန့်တွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ဒါပေမယ့် ကျွန်တော်ဟာ အမြဲတမ်းကမ္ဘာ့အဆင့်ကစားသမားဖြစ်ချင်တယ်”

“စိန်ခေါ်မှုအသစ်တွေ၊အခွင့်အရေးတွေနဲ့နေရာအသစ်မှာလည်း ကိုယ့်ကိုကိုယ်စမ်းသပ်ချင်ပါတယ်။ကျွန်တော်ဟာ အားကစားသမိုင်းအသစ်ကို ရေးချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

နေမာဟာ အယ်လ်ဟီလယ်အသင်းမှာ ရူဘင်နာဗတ်စ်၊ကူလီဘာလီ၊ဆာဗစ်တို့နဲ့ အတူတွဲကစားရမှာဖြစ်ပြီး အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီလိဂ်ပွဲဦးထွက်မှာ နိုင်ပွဲရယူထားနိုင်ခဲ့ပါတယ်။