စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ယူရိုသန်း ၁၀၀ နဲ့ နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီလို့ David Ornstein က ဖော်ပြလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့စကတည်းက ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ကြိုးစားခဲ့ပြီး အရင်ကမ်းလှမ်းခဲ့တဲ့ ၃ ကြိမ်စလုံးပယ်ချခံခဲ့ရတာပါ။ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ လက်မလျှော့ဘဲ ဟာရီကိန်းအတွက် နောက်ဆုံးကမ်းလှမ်းမှုဟာ စပါးအကြီးအကဲ လီဗိုင်းကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရယူနိုင်ခဲ့ပေမယ့် ဟာရီကိန်းဘက်က နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ရဦးမှာပါ။ဟာရီကိန်းကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းချင်နေပေမယ့် နည်းပြသစ်လက်အောက် စပါးအသင်းမှာ ပျော်ရွှင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ဘရန်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်ခင် အနာဂတ်ကို အမြန်ဆုံးဖြေရှင်းချင်တယ်လို့ ပြောထားတာကြောင့် ဟာရီကိန်းအနေနဲ့ စပါးမှာပဲ ဆက်ရှိမလား၊ ဘိုင်ယန်မြူးနစ်ထံ သွားမလားဆိုတာ ရွေးချယ်ပြီး ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။