Serie A

နာပိုလီအပေါ်မှာ မယိမ်းမယိုင်တဲ့ ချစ်ခြင်းတွေရှိတယ်လို့ ပြောလိုက်တဲ့ အိုဆင်ဟမ်

တိုက်စစ်မှူး အိုဆီမန်က နာပိုလီအသင်းအပေါ်မှာ မယိမ်းမယိုင်တဲ့ ချစ်ခြင်းတွေရှိပြီး ပရိသတ်တွေအကြားမှာ စည်းလုံးမှုရှိဖို့ တိုက်တွန်းလိုက်ပါတယ်။

နာပိုလီအသင်းဟာ အိုဆင်ဟမ်ရဲ့ပင်နယ်တီလွဲတဲ့ ဗီဒီယိုကို Tik Tok မှာ လှောင်ပြောင်သလို တင်ခဲ့တာကြောင့် အိုဆင်ဟမ်နဲ့ အသင်းကြားအဆင်မပြေမှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကလပ်အသင်းက ဒါဟာ တိုက်စစ်မှူးအပေါ်မှာ စော်ကားလိုတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောခဲ့တာပါ။အိုဆင်ဟမ်ဟာ ဒီအဖြစ်အပျက်ဖြစ်ပြီးနောက် နာပိုလီအသင်းအတွက်ပါဝင်ကစားပေးခဲ့တဲ့ ၂ ပွဲစလုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အိုဆင်ဟမ်ဟာ လက်ချီကို အနိုင်ရတဲ့ ပွဲအပြီးမှာ သူ့ရဲ့အင်စတာဂရမ်ကနေ သူဟာ နာပိုလီအသင်းကို ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောသွားခဲ့တာပါ။

အိုဆင်ဟမ်က “၂၀၂၀ ခုနှစ်မှာ နေပယ်လ်ကို လာရတာ ကျွန်တော့်အတွက် အလွန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပါ။နေပယ်လ်မြို့ကလူတွေက ကျွန်တော့်ကို ချစ်ခြင်းမေတ္တာတွေနဲ့ ကြင်နာမှုတွေကို ပေးခဲ့ပါတယ်။ကျွန်တော်တို့ ကြားထဲမှာ ဘယ်သူ့ကိုမှ လာရောက်ခွင့်မပြုနိုင်ပါဘူး”

“ကျွန်တော်ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ထားတဲ့ ဒီတံဆိပ်ကို ချစ်မြတ်နိုးမှုကတော့ မယိမ်းမယိုင်ပါပဲ။စည်းလုံးမှု၊လေးစားမှု၊ နားလည်မှုတို့ကို ဆက်ပြီးဖြန့်ကျက်ကြပါစို့။နာပိုလီထာဝရအောင်မြင်ပါစေ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

LECCE, ITALY – SEPTEMBER 30: Victor Osimhen of Napoli looks on during the Serie A TIM match between US Lecce and SSC Napoli at Stadio Via del Mare on September 30, 2023 in Lecce, Italy. (Photo by Maurizio Lagana/Getty Images)

အိုဆီမန်ဟာ နာပိုလီအသင်းအတွက် ၁၀၉ ပွဲပါဝင်ကစားထားပြီး ၆၄ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ရာသီက စီးရီးအေဖလားအောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Serie A

အစ်ကိုကမွှေလိုက် ဒဏ်ရာကမွှေလိုက်နဲ့ ကံဆိုးပြီးရင်းဆိုးနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ဇူလိုင်လကတည်းက ဒဏ်ရာပြဿနာခံစားခဲ့ရတာဖြစ်ပြီး အခုရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် ဩစ‌တြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ
Serie A

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို