ရိုးမားအသင်းဟာ ဖရိုစီနိုနီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ လူကာကူနဲ့ ပယ်လီဂရီနီတို့က အနိုင်ဂိုးတွေသွင်းယူပေးခဲ့ပြီး အခုနှစ်ဘောလုံးရာသီ စီးရီးအေပြိုင်ပွဲမှာ ဒုတိယမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ဒီဘားလားဟာ ဒီပွဲမှာ ရိုးမားအသင်းအတွက် ၂ ဂိုးစလုံးဖန်တီးပေးနိုင်ခဲ့ပြီး တိုက်စစ်မှူး လူကာကူဟာ ဒီရာသီ ရိုးမားအသင်းအတွက် စီးရီးအေ ၅ ပွဲကစားအပြီးမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲစုံမှာတော့ သွင်းဂိုး ၄ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။လူကာကူကတော့ အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့တာပါ။

လူကာကူက “ကျွန်တော်တို့ဟာ ဒီပွဲမှာ အနိုင်ရဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ကျွန်တော်တို့ ကောင်းမွန်စွာ ကစားနိုင်ခဲ့သလို သွင်းဂိုး ၂ ဂိုးသွင်းပြီး ဂိုးမပေးရအောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ဒီအတိုင်း ဆက်ပြီးလုပ်ဆောင်ရမယ်”လို့ ဆိုခဲ့ပါတယ်။

ရိုးမားအသင်းဟာ လာမယ့်ကြားရက်မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆာဗတ်တီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။