Premier League

မက်ဂွိုင်းရားကို ဘာလို့ဝေဖန်နေလဲမသိဘူးဆိုတဲ့ ယူနိုက်တက်လူငယ်ကစားသမား

ယူနိုက်တက်လူငယ်နောက်ခံလူ ဘရန်ဒန်ဝီလီယံစ်က အသင်းခေါင်းဆောင် မက်ဂွိုင်းရားအပေါ် လူတွေက ဝေဖန်ပြစ်တင်နေကြတဲ့အပေါ် နားမလည်နိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ လက်ရှိအချိန်မှာ သူ့ရဲ့ပုံမှန်ပွဲထွက်ခွင့်တနေရာကို ဆုံးရှုံးလိုက်ရပါပြီ။

မက်ဂွိုင်းရားအနေနဲ့ ယူရိုပါလိဂ်အုပ်စုပွဲမှသာ ပွဲထွက်ခွင့်ရနိုင်ဖွယ်ရှိပြီး ပရီးမီးယားလိဂ်မှာတော့ ဘရန့်ဖို့ဒ်ကို လေးဂိုးပြတ်နဲ့ရှုံးနိမ့်ပြီးတည်းက ပွဲထွက်ခွင့်မရတော့ပါဘူး။ ဒါပေမယ့် လူစားဝင်ကစားခွင့်ရတဲ့ အခိုက်အတန့်တွေတော့ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကတော့ မက်ဂွိုင်းရားကို ရွေးချယ်ခဲ့ပါတယ်။ ဒီအပေါ်မှာလည်း ဝေဖန်မှုတွေရှိနေပြီး မက်ဂွိုင်းရားအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့တော့ နားမလည်နိုင်ကြောင်း ဝီလီယံစ်က ဆိုလာပါတယ်။

ဝီလီယံစ်က “လူတွေက ကမ္ဘာအပြင်ဘက်က ကိစ္စတွေကို နားထောင်လေ့မရှိပါဘူး။ မက်ဂွိုင်းရားက လေ့ကျင့်ရေးကွင်းမှာ နေ့စဥ်နေ့တိုင်း ရာနှုန်းပြည့်ပေးဆပ်နေတာပါ။ ပွဲထွက်ခွင့်ရသည်ဖြစ်စေ၊ မရဘူးဖြစ်စေ သူက ကျနော်တို့အတွက် ရာနှုန်းပြည့် ပေးဆပ်နေတာပါ”

“ကျနော်တို့ကလည်း ပြင်ပကမ္ဘာက အကြောင်းတွေကို ဂရုမစိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တခုတည်းသော အရေးကြီးတဲ့အရာက အတွင်းပိုင်းက ကိစ္စတွေမို့လို့ပါ။ ကျနော်တို့ အတွင်းရေး အမြင်တွေက အရေးကြီးဆုံးပါပဲ”

“ခင်ဗျားက လေ့ကျင့်ရေးကွင်းမှာ ပုံစံကောင်းပြနေရင်တောင် တွစ်တာပေါ်က ငကြောင်အချို့က ခင်ဗျားကို ပွဲထွက်ခွင့်မပေးသင့်ဘူးပြောနေတာပါ။ သူတို့ ဘယ်သူတွေလဲ ကျနော်လည်း မသိပါဘူး။ မက်ဂွိုင်းရားက ထိပ်တန်းအသင်းခေါင်းဆောင်၊ ထိပ်တန်းကစားသမားတယောက်ပါ”

“သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး ကျောက်တုံးတွေထပ်ထားတဲ့အပေါ်မှာ ရောက်နေတာပါ။ သူ သွားချင်တဲ့ ထိပ်ဆုံးနေရာကို သွားနိုင်ပါတယ်။ ထိပ်ဆုံး ရောက်ပြီးသား လူတယောက်ပါ”

“သူက ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်ပြီး ကျနော်လည်း တနေ့နေ့မှာ မက်ဂွိုင်းရားလိုဖြစ်ဖို့၊ သူလုပ်သလိုမျိုး လုပ်ပြနိုင်ဖို့ အိပ်မက်မက်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ