ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဗာရန်းနဲ့ သူ့အကြားမှာ ဘာပြဿနာမှမရှိဘဲ ပြင်သစ်နောက်ခံလူ ပွဲကစားခွင့်နည်းနေတာက မက်ဂွဲယားရဲ့ပုံစံကောင်းတွေကြောင့်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့ဦးစားပေးဗဟိုနောက်ခံလူဖြစ်ခဲ့တဲ့ ဗာရန်းဟာ ဒီရာသီမှာတော့ ပွဲကစားခွင့်ဆုံးရှုံးနေပြီး နောက်ဆုံးပွဲတွေမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဗာရန်းနဲ့ အဲရစ်တန်ဟတ်တို့ကြားမှာ အဖုအထစ်ရှိနေနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေကြတာပါ။
အဲရစ်တန်ဟတ်က “ဒီသတင်းတွေက မဟုတ်ပါဘူး။နောက်ခံအတွဲအဖက်တွေကို ရွေးချယ်တဲ့နေရာမှာ နည်းဗျူဟာပိုင်းဆိုင်ရာအကြောင်းပြချက်တွေကြောင့်ဖြစ်ပါတယ်။အခုအချိန်မှာ မက်ဂွဲယားနဲ့ အီဗန်စ်အတွဲအဖက်က ကောင်းနေတယ်လို့ ထင်ပါတယ်။မက်ဂွဲယားက ပြီးခဲ့တဲ့ရာသီက ပွဲတွေအများကြီးမကစားခဲ့ရပါဘူး”

“ဗာရန်းရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်ကျေနပ်ပါတယ်။ဒါပေမယ့် မက်ဂွဲယားက အခုအချိန်မှာကောင်းမွန်နေပြီး အသင်းထဲမှာပြိုင်ဆိုင်မှုတွေရှိနေပါတယ်”လို့ ဆိုခဲ့ပါတယ်။

လူတန်အသင်းနဲ့ ပွဲမှာတော့ ဗာရန်းဟာ ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်ဖို့ ရှိနေတာဖြစ်ပါတယ်။