အယ်လ်အစ်တီဟတ်အသင်းဟာ နည်းပြ နူနိုဆန်တိုကို ထုတ်ပယ်အပြီး ရက်ပိုင်းအကြာမှာ ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အက်ဘာအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး လိဂ်ပြိုင်ပွဲမှာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်အစ်တီဟတ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၅ ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေခဲ့ပေမယ့် နည်းပြ နူနိုဆန်တိုကို ထုတ်ပယ်အပြီးမှာ နိုင်ပွဲပြန်ရခဲ့သလို ပေါ်တူဂီနည်းပြနဲ့ အဆင်မပြေမှုရှိခဲ့တဲ့ ဘန်ဇီမာလည်း ဒီပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဘန်ဇီမာဟာ ဒီပွဲမှာ အယ်လ်အစ်တီဟတ်အသင်းအတွက် ဟက်ထရစ်သွင်းခဲ့ပြီး သွင်းဂိုး ၁ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဟက်ထရစ်ဟာ ဘန်ဇီမာအတွက်တော့ ကစားသမားဘ၀ ၁၄ ကြိမ်မြောက်ဟက်ထရစ်လည်းဖြစ်တယ်လို့ သိရပါတယ်။

အယ်လ်အစ်တီဟတ်အသင်းဟာ နိုင်ပွဲကြောင့် အဆင့် ၅ နေရာကို ပြန်တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးနေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၁၁ မှတ်ကွာဟနေတာဖြစ်ပါတယ်။