Laliga

ဘာစီလိုနာနဲ့ ရင်ဆိုင်ဖို့ ဘယ်လင်ဂမ်အဆင်သင့်ဖြစ်နေပြီလို့ ဆိုခဲ့တဲ့ အန်ဆယ်လော့တီ

ဘရာဂါအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါင်ဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ဒီနေ့မှာ ကစားမယ့် ဘာစီလိုနာအသင်းနဲ့ အယ်လ်ကလက်ဆီကိုပွဲစဉ်မှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁၁ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးထားတာပါ။ဘယ်လင်ဂမ်ဟာ ဘရာဂါအသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့် ပထမ ၃ ပွဲမှာဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ရီးရယ်လ်ကစားသမားဖြစ်လာခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဘယ်လင်ဂမ်ဟာ ကောင်းမွန်နေပြီလို့ ခံစားရတာကြောင့် ဘာစီလိုနာအသင်းနဲ့ ပွဲကို သူပါဝင်ကစားနိုင်မှာပါ။ သူရဲ့ပိုလျှံနေတဲ့ ကြွက်သားကို ဖယ်ရှားနိုင်ခဲ့ပါပြီ။အယ်လ်ကလက်စီကိုက ဘာလဲဆိုတာ သူ့ကိုရှင်းပြနေဖို့ မလိုအပ်ပါဘူး။လူတိုင်းကလည်း ဒါကိုသိပါတယ်။ဒါက ကမ္ဘာတစ်ဝှမ်းစိတ်ဝင်စားတဲ့ပွဲတစ်ပွဲပါ”လို့ဆိုခဲ့ပါတယ်။

ဒါ့အပြင် အန်ဆယ်လော့တီက ဒီပွဲကို ဗိုလ်လုပွဲလို့ မမြင်မိဘူးလို့လည်း ပြောခဲ့ပါတယ်။အန်ဆယ်လော့တီက “ဒီပွဲက ဒီရာသီရဲ့ပထမဆုံးအယ်လ်ကလက်စီကိုပွဲပါ။နောက်ထပ်တွေ့ဆုံရမယ့် အယ်လ်ကလက်စီကိုပွဲတွေလည်း ရှိလာမှာပါ။ကျွန်တော်တို့ဟာ ဒီပွဲအတွက် ပုံစံကောင်းရှိနေပါတယ်”လို့ဆိုခဲ့ပါတယ်။

အယ်လ်ကလက်စီကိုပွဲမတိုင်ခင်မှာ ဂျီရိုနာအသင်းဟာ ဆယ်လ်တာဗီဂိုအသင်းကို အနိုင်ရခဲ့တဲ့အတွက် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ၃ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား