Laliga

အနီကတ်မထိရရင် စားမဝင် အိပ်မပျော်ဘူးဖြစ်နေတဲ့ ရာမို့စ်

ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ဆိုစီဒက်အသင်းက ဆီဗီလာအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ရာမို့စ်ဟာ ဆိုစီးက်ကစားသမား မန်ဒက်စ်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကနဦးက ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် VAR ကြည့်ရှုအပြီးမှာ ကွင်းလယ်ဒိုင်လူကြီးက သူ့ကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာပါ။ဒီအနီကတ်ဟာ ရာမို့စ်ရဲ့ကစားသမားဘ၀ ၂၉ ကြိမ်မြောက်ပြသခံခဲ့ရတဲ့ အနီကတ်လည်း ဖြစ်ခဲ့ပါတယ်။

ရာမို့စ်ဟာ လာလီဂါသမိုင်းမှာ အနီကတ် ၂၁ ကတ်နဲ့ အနီကတ်အများဆုံးပြသခံခဲ့ရတဲ့ ကစားသမားအဖြစ်လည်း စံချိန်မှတ်တမ်းဆိုးကြီး တင်နိုင်ခဲ့တာပါ။အသက် ၃၇ နှစ်အရွယ်ရှိ ရာမို့စ်ဟာ နွေရာသီက အသင်းဟောင်း ဆီဗီလာအသင်းထံ ပြန်ရောက်လာပြီးနောက် ပထမဆုံးပြသခံခဲ့ရတဲ့ အနီကတ်လည်းဖြစ်ခဲ့ပါတယ်။

ဆီဗီလာအသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ လာလီဂါပွဲစဥ် ၁၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား