Laliga

အယ်လ်မာရီးယားနဲ့ပွဲမှာ အပြင်းစားကန်သွင်းချက်နဲ့ ဂိုးသွင်းခဲ့တဲ့ ဂရင်းဝုဒ်

ယူနိုက်တက်အသင်းကနေ အငှားနဲ့ သွားရောက်ကစားနေတဲ့ တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းက အယ်လ်မာရီးယားအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် လှပတဲ့ကန်သွင်းချက်နဲ့ ဂိုးသွင်းယူသွားခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေတဲ့အချိန်မှာ အသင်းအတွက်ချေပဂိုးကို ဂိုးဧရိယာအပြင်ဘက်ကနေ အပြင်းကန်သွင်းပြီးရယူသွားခဲ့တာပါ။ဂရင်းဝုဒ်ဟာ ဒီပွဲမှာ အပြင်းကန်သွင်းချက်နဲ့ တစ်လုံးကန်သွင်းခဲ့ပေမယ့် ဂိုးသမားကာကွယ်သွားနိုင်ခဲ့တဲ့အတွက် သွင်းဂိုးရရှိမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

https://x.com/Mrbankstips/status/1728475877774680071?s=20

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ အငှားနဲ့ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲပါဝင်ကစားထားအပြီးမှာ ၃ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးမှုပြုလုပ်ပြီးခြေစွမ်းပြသနေတာပါ။ဂီတာဖေးအသင်းကတော့ ဂရင်းဝုဒ်ကို အပြီးသတ်ခေါ်ယူဖို့ ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ချင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ အငှားနဲ့ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲပါဝင်ကစားထားအပြီးမှာ ၃ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးမှုပြုလုပ်ပြီးခြေစွမ်းပြသနေတာပါ။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား