Laliga

ရီးရယ်လ်ကို ပြန်လာဖွယ်ရှိတဲ့ သတင်းတွေအပေါ် တုံ့ပြန်လိုက်တဲ့ မော်ရင်ဟို

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ ပြန်လာဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေကို တုံ့ပြန်လိုက်ပါတယ်။

မော်ရင်ဟိုနဲ့ ရိုးမားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိတော့ပါဘူး။ရီးရယ်လ်နဲ့ အန်ဆယ်လော့တီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အီတလီလူမျိုးနည်းပြဟာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရီးရယ်လ်အသင်းဟာ လာမယ့်ရာသီအတွက် နည်းပြသစ်ရှာဖွေနေပြီး နည်းပြဟောင်း မော်ရင်ဟိုက လျာထားတဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေတာပါ။မော်ရင်ဟိုကတော့ ဒါကို ပယ်ချခဲ့ပြီး ရီးရယ်လ်အသင်းမှာ ပြီးပြည့်စုံတဲ့ နည်းပြရှိတယ်လို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုက “ကျွန်တော်က ရီးရယ်လ်လား၊ သူတို့မှာ စူပါနည်းပြရှိတဲ့အတွက် နောက်တစ်ဦးကို ဘာလို့စဉ်းစားမှာလဲ။ပီရက်ဇ်က ဒီအကြောင်းကို ကောင်းကောင်းသိပြီး သူက ထက်မြတ်တဲ့သူပါ။ကျွန်တော်ကတော့ နောက်ရာသီလည်း အန်ဆယ်လော့တီဆက်ရှိနေမယ်လို့ ထင်ပါတယ်။သူက ရီးရယ်လ်အတွက် ပြီးပြည့်စုံတဲ့ နည်းပါပါ”လို့ ဆိုခဲ့ပါတယ်။

မော်ရင်ဟိုဟာ အနာဂတ်မှာ ဆော်ဒီကို သွားရောက်ပြီးနည်းပြအဖြစ် လုပ်ကိုင်သွားမယ်လို့ အင်တာဗျူးမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား