ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာအခက်အခဲတွေရင်ဆိုင်နေရတာဟာ လျှို့ဝှက်ချက်မဟုတ်ပေမယ့် ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာ ယူရိုသန်း ၂၀၀ အကြွေးတင်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီး၊ ရာဖင်ဟာနဲ့ ဖာရန်တောရက်စ်တို့ကို ခေါ်ယူခဲ့ရာမှာ ဘိုင်ယန်မြူးနစ်၊ လိဒ်စ်နဲ့ မန်စီးတီးအသင်းတို့ထံ ယူရိုသန်း ၂၀၀ အကြွေးပေးဖို့ ကျန်နေသေးတယ်လို့ Goal က ဖော်ပြခဲ့တာပါ။စပိန်ကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ အလွတ်ကစားသမားတွေကို သာခေါ်ယူကာ လူစာရင်းအင်အားကို တောင့်တင်းအောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုဘဏ္ဍာရေးဆိုင်ရာအခက်အခဲတွေကြောင့် မက်ဆီကို ပြန်လည်ခေါ်ယူဖို့ အတားအဆီးဖြစ်ခဲ့တာပါ။ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် အဓိက ကစားသမားအချို့ကို ရောင်းချပြီး ပြေလည်အောင်ဖြေရှင်းခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းအကြီးအကဲ လာပေါ်တာကတော့ ဘဏ္ဍာရေးဆိုင်ရာအခက်အခဲတွေဖြစ်နေတဲ့ အခြေအနေတွေကနေ အမြန်ဆုံးပြန်ကောင်းလာနိုင်ဖို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားခဲ့တာဖြစ်ပါတယ်။