Laliga

စီရော်နယ်ဒိုရဲ့ ဂိုးစံချိန်နဲ့ ဘယ်လင်ဂမ်တူညီသွားတဲ့အပေါ် အံ့အားသင့်ခဲ့တဲ့ အန်ဆယ်လော့တီ

အိုဆာဆူနာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ရီးရယ်လ်အသင်းအတွက် ၂ ဂိုးသွင်းယူပြီးနောက် စီရော်နယ်ဒိုရဲ့ဂိုးစံချိန်နဲ့ တူညီသွားခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဂမ်ကို အံ့အားသင့်တယ်လို့ နည်းပြ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းကို ရောက်ရှိလာကတည်းက ပွဲတိုင်းနီးပါး အကောင်းဆုံးပုံစံတွေကို ပြသနေတာဖြစ်ပြီး အိုဆာဆူနာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီးနောက် ရီးရယ်လ်အသင်းကစားသမားဘ၀ ပထမဆုံး ၁၀ ပွဲမှာ သွင်းဂိုး ၁၀ ဂိုးပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘယ်လင်ဂမ်ဟာ ၂၀၀၉ က စီရော်နယ်ဒိုရရှိခဲ့တဲ့ မှတ်တမ်းနဲ့ တူညီသွားခဲ့တာပါ။

အန်ဆယ်လော့တီကတော့ ဘယ်လင်ဂမ်ဟာ ဒီလိုသွင်းဂိုးတွေကို အလျင်အမြန်ရရှိမယ်လို့ ဘယ်သူကမှမျှော်လင့်ထားမယ်လို့ မထင်ကြောင်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။အန်ဆယ်လော့တီက “သူဟာ ကစားတာအလွန်ကောင်းပြီး သူဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်မလား မဖြစ်ဘူးလားဆိုတာကို ကျွန်တော်အရမ်းကြီး ဂရုစိုက်တဲ့သူမဟုတ်ပါဘူး”

“သူ့ကို ခေါ်ယူရတာကို အလွန်ပျော်ရွှင်ပါတယ်။သူဟာ ရင့်ကျက်မှုအများကြီးရှိပြီး သူဟာ အသက် ၂၀ အရွယ်ပဲရှိတယ်ဆိုတာကို အမြဲတမ်းမေ့နေပါတယ်”လို့ ဆိုခဲ့ပါတယ်။ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါ ၉ ပွဲကစားအပြီးမှာ ၈ ပွဲအနိုင်ရရှိကာ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား