ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ဂီတာဖေးအသင်းက လိဂ်အဆင့်အတန်းနိမ့်တဲ့ တာဒီယန်တာအသင်းကို အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဖလားပထမအဆင့်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဂီတာဖေးအသင်းဟာ ဆဌမတန်းမှာကစားနေတဲ့ တာဒီယန်တာအသင်းကို ၁၂ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။လိဂ်အဆင့်အတန်းအများအပြားကွာခြားနေတာကြောင့် ဂီတာဖေးအသင်းဟာ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ဂရင်းဝုဒ်ဟာ ဟတ်ထရစ်ဂိုးမရယူနိုင်ခဲ့တဲ့အတွက် နစ်နာခဲ့ရပါတယ်။
ဒီပွဲမှာသွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းကစားသမားဘဝမှာ ၈ ပွဲကစားထားပြီး သွင်းဂိုး ၃ ဂိုးအထိ သွင်းယူထားတာပါ။ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ပျော်ရွှင်နေပြီး စပိန်မှာနေထိုင်နေရတာကို နှစ်သက်နေတာကြောင့် စပိန်ကလပ်ထံ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဂရင်းဝုဒ်ကို အပြီးသတ်ခေါ်ယူဖို့ ဂီတာဖေးအသင်းက စိတ်ဝင်စားနေသလို ဆီဗီလာအသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။