Europa League

ဆီဗီလာနဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် ယူနိုက်တက်နဲ့ လေ့ကျင့်မှုတွေပြန်ပြုလုပ်ခဲ့တဲ့ ရက်ရှ်ဖိုဒ့်

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ဟာ ဆီဗီလာနဲ့ ကစားရမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသပြီး ဂိုးအများအပြားသွင်းယူထားတဲ့ ရက်ရှ်ဖိုဒ့်ဟာ အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲကို မပါဝင်နိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖိုဒ့်မပါဝင်နိုင်တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဆီဗီလာအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့ပါတယ်။ရက်ရှ်ဖိုဒ့်ဟာ စပိန်မှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်မှာတော့ အသင်းရဲ့လူစာရင်းမှာ ပါဝင်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ရက်ရှ်ဖိုဒ့်နဲ့အတူ ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံလူ လုပ်ခ်ရှောနဲ့ ကွင်းလယ်ကစားသမား ဆာဘစ်ဇာတို့ကလည်း အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်ခဲ့သလို နောက်ခံလူတစ်ဦးဖြစ်တဲ့ မာလာစီယာလည်း လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဆီဗီလာနဲ့ ယူရိုပါလိဂ်ပွဲပြီးရင် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ