Europa League

ရိုးမားက ယူရိုပါလိဂ်ဖလားကို ရရှိပြီးသားလို့ ပြောခဲ့တဲ့ မော်ရင်ဟို

ရိုးမားအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲစတင်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အသင်းတွေထဲမှာ ကျန်ရှိတော့တဲ့ တစ်သင်းတည်းသောအသင်းဖြစ်လို့ အသင်းက ယူရိုပါလိဂ်ဖလားကို ရရှိပြီးသားဖြစ်တယ်လို့ နည်းပြ မော်ရင်ဟိုက ပြောခဲ့ပါတယ်။

မော်ရင်ဟိုဟာ အရင်ကတည်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလိဂ်ကနေ ဆင်းလာတဲ့ အသင်းတွေပါဝင်ယှဉ်ပြိုင်တာကို ဝေဖန်ထားတာဖြစ်ပြီး အခုလည်း လေဗာကူဆင်နဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထပ်ပြီးပြောခဲ့တာပါ။

မော်ရင်ဟိုက “ကျွန်တော်သာ အနိုင်ရဖို့အတွက် ကြိုးစားဖို့ ရည်မှန်းချက်မရှိရင် ယူရိုပါလိဂ်ဖလားကို ရရှိပြီလို့ ပြောဖို့က ကျွန်တော့်အတွက် အလွန်လွယ်ကူသွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင် ယူရိုပါလိဂ်ပြိုင်ပွဲက ဒီပြိုင်ပွဲကို စတင်ခဲ့တဲ့ အသင်းတွေအတွက်ဆိုရင် ရိုးမားက အနိုင်ရသွားပါပြီ”


“ဒါပေမယ့် ဒါက သီအိုရီသာရှိပြီး၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အနိုင်ရဖို့ပါ။လေဗာကူဆင်အသင်းကို လေးစားပေမယ့် ယူရိုပါလိဂ်မှာ ကစားဖို့ တည်ဆောက်ထားတဲ့ အသင်းအတွက် ပိုပြီးတန်ဖိုးရှိပါတယ်။ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ကစားဖို့ ရင်းနှီးမြှုပ်နှံထားတဲ့ အသင်းထက် ယူရိုပါလိဂ်မှာ ၁၄ ပွဲကစားထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

ရိုးမားအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ