Europa League

ရက်ရှ်ဖိုဒ့်ကို သတိထားဖို့ အသင်းသားတွေကို သတိပေးထားတဲ့ ဇာဗီ

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ဒီရာသီ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးပုံစံတွေပြသထားတဲ့ ရက်ရှ်ဖိုဒ့်ကို သတိထားဖို့ မနက်ဖြန်မနက်ပိုင်းမှာ ကစားမယ့် ယူရိုပါလိဂ်ပလေးအောဖ့်ပထမအကျော့ပွဲမတိုင်ခင် ပြောလိုက်ပါတယ်။

ရက်ရှ်ဖိုဒ့်ဟာ ဒီရာသီ နည်းပြ အဲရစ်တန်ဟတ်လက်အောက်မှာ တိုးတက်လာတဲ့ ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ ဂိုးသွင်းယူထားတာပါ။ဒါ့အပြင် အင်္ဂလန်ကစားသမားဟာ ကမ္ဘာ့ဖလားအပြီးကစားခဲ့တဲ့ ၁၅ ပွဲမှာ ၁၃ ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။

ဒီသွင်းနှုန်းဟာ ကမ္ဘာ့ဖလားပြီးနောက် ဥရောပမှာရှိတဲ့ ဘယ်ကစားသမားထက်မဆို ပိုမိုများပြားတဲ့ ဂိုးအရေအတွက်ဖြစ်ပါတယ်။အဲ့ဒါကြောင့် ဘာစီလိုနာနည်းပြ ဇာဗီက ရက်ရှ်ဖိုဒ့်ကို သတိထားဖို့ ပြောခဲ့တာပါ။

ဇာဗီက “အကူးအပြောင်းကာလမှာ သူဟာ အလွန်အန္တရာယ်များတဲ့သူပါ။ဒါကြောင့် သူတို့အားလုံးကို ဂရုစိုက်ဖို့လိုပေမယ့် အထူးသဖြင့် ရက်ရှ်ဖိုဒ့်ပါ။သူက အခု ဥရောပရဲ့အန္တရယ်အရှိဆုံးကစားသမားတွေထဲက တစ်ဦးပါ”လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဇာဗီလက်ထက် ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြသနေပြီး ဒုတိယနေရာက ရီးရယ်လ်အသင်းကို ၈ မှတ်ဖြတ်ကာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ