Europa League

ရဲတပ်ဖွဲ့ဝင်အင်အားမလုံလောက်လို့ ရွှေ့ဆိုင်းခဲ့ရတဲ့ အာဆင်နယ်နဲ့ ပီအက်စ်‌ဗွီတို့ရဲ့ယူရိုပါလိဂ်

ဘုရင်မကြီး အဲလိဇဘတ် ၂ ကွယ်လွန်ပြီးနောက် လန်ဒန်မှာ လုံခြုံရေးအင်အားမလုံလောက်လို့ အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ဒီပွဲကို ကြာသပတေးနေ့ အီးမရိတ်စ်ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ယူအီးအက်ဖ်အေက ဒီပွဲအတွက် ကန်ရမယ့် ရက်စွဲအသစ်ကို အချိန်မီအကြောင်းကြားမယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးနဲ့ ဆဲလ်ဘတ်တို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ်ကိုတော့ စီစဉ်ထားတဲ့အတိုင်း ဆက်ကျင်းပသွားမယ်လို့ သိရတာပါ။ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ စတမ်းဖို့ဘရစ်ခ်ျအနီးတစ်ဝိုက်မှာ လုံခြုံရေးအင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။

ဘုရင်မကြီး ကွယ်လွန်ပြီးနောက် ရွှေ့ဆိုင်းထားတဲ့ EFL ပွဲစဉ်တွေကိုတော့ ပြန်လည်ကျင်းပမယ်လို့ သိရပါတယ်။ဒီပွဲတွေမှာ ပွဲမစခင် တစ်မိနစ်ငြိမ်သက်မှာဖြစ်သလို နိုင်ငံတော်သီချင်းလည်း သီဆိုသွားမှာပါ။ဒါ့အပြင် လတ်ပတ်အမည်းရောင်ကိုလည်း ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ရွှေ့ဆိုင်းထားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကိုတော့ ဆက်ပြီးကျင်းပဖွယ်ရှိ မရှိ အတည်ပြုရခြင်း မရှိသေးတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ