Europa League

တပည့်ဟောင်း အလွန်ဆိုကို ပထမအကျော့မှာ အသာစီးရယူနိုင်ခဲ့တဲ့ မော်ရင်ဟို

ဒီမနက်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရိုးမားအသင်းဟာ လေဗာကူဆင်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ရိုးမားအတွက် တစ်လုံးတည်းသောသွင်းဂိုးကို ဘိုဗီက ပွဲချိန် ၆၂ မိနစ်မှာ သူ့ရဲ့ပထမဆုံးဥရောပသွင်းဂိုး အဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ဒီပွဲမှာ ရိုးမားအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးမရခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်ထိရောက်မှုအပိုင်းမှာတာ့ လေဗာကူဆင်ကို အသာရခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ ဒီပွဲရဲ့ပွဲချိန် ၆ မိနစ်ကတည်းက ဂိုးရနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို၊ ပွဲချိန် ၈၆ မိနစ်မှာ ချေပဂိုးရနိုင်မယ့် ဖရင်ပေါင်ရဲ့ကြိုးစားမှုကို ပတ်ထရီစီယိုက တားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုကိုင်တွယ်နေတဲ့ ရိုးမားအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ဒီပွဲမှာ အကောင်းဆုံးပုံစံနဲ့ လေဗာကူဆင်အသင်းကို ဂိုးမပေးရအောင် ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယအကျော့ကို ၁ ဂိုးအသာနဲ့ ဂျာမနီဆီချီတက်မှာဖြစ်ပါတယ်။မော်ရင်ဟိုကတော့ ၆ ကြိမ်မြောက် ဥရောပဗိုလ်လုပွဲတက်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဒီပွဲမှာတော့ မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ချိန်က သူ့လက်အောက်မှာ ကစားခဲ့တဲ့ အလွန်ဆိုနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး ဒုတိယအကျော့မှာရော ရလဒ်ကောင်းရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ