Myanmar Football

ထိုင်းနဲ့ ဆီမီးဖိုင်နယ်ပွဲအတွက် ကစားသမားတွေကို ယုံကြည်ကြောင်း ပြောလာခဲ့တဲ့ မြန်မာနည်းပြ

မြန်မာအသင်းနည်းပြ မိုက်ကယ်က ထိုင်းအသင်းနဲ့ ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲမှာ သူ့ကစားသမားတွေ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ဒီနေ့ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာအသင်းဟာ အုပ်စုတွင်းမှာ အင်ဒိုနီးရှားအသင်းကို အရေးနိမ့်ပြီး ကျန် ၃ ပွဲစလုံးကို အနိုင်ရခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ ဆီမီးဖိ်ုင်နယ်ကို တက်လာကာ တစ်ဖက်အုပ်စုက ထိပ်ဆုံးအသင်းဖြစ်တဲ့ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မိုက်ကယ်က “ကျွန်တော်တို့ ရည်မှန်းချက် အတိုင်းပဲ ဆီမီးဖိုင်နယ်ကို ရောက်ရှိလာပြီဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ကစားသမားတွေ ကြိုးစားမှုကြောင့် ပရိသတ်တွေလည်း ပျော်ရွှင်ကြတယ်ဆိုတာ သိရပါတယ်။ကျွန်တော်တို့အသင်းက ပြိုင်ပွဲမစတင်မီမှာ ရေပန်းစားတဲ့ အသင်းမဟုတ်ဘဲ အားလုံးက အောက်အသင်း တစ်သင်း အနေနဲ့ သဘောထားကြတာပါ။မှန်ပါတယ်”

“ကျွန်တော်တို့ တစ်ဆင့်ချင်းပဲ အကောင်းဆုံး ဖြစ်အောင် တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာအောင် ကြိုးစားနေရပါတယ်။ ဆီမီးဖိုင်နယ်မှာလည်း ကျွန်တော်တို့ကစားသမားတွေ အမြင့်ဆုံး လုပ်ပြနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။

မြန်မာအသင်းနဲ့ ထိုင်းအသင်းတိုရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို မေလ ၁၃ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲ အိုလံပစ်အားကစားကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Myanmar Football

မြန်မာအသင်းဟာ တည်ဆောက်ဆဲကာလပဲရှိသေးတာလို့ ပြောလာတဲ့ အန်တွမ်နီဟေး

မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးက ဗီယက်နမ်အသင်းနဲ့ ကစားမယ့် ပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းဟာ တည်ဆောက်ဆဲကာလပဲ ရှိသေးတာလို့ ပြောလိုက်ပါတယ်။ မြန်မာအသင်းဟာ ဒီနေ့မှာ ဗီယက်နမ်အသင်းနဲ့ အာဆီယံချန်ပီယံရှစ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ၃ ပွဲမှာ နိုင်ပွဲမရှိခဲ့ပဲ
Myanmar Football

၂၀၂၂ လည်းရှုံး ၂၀၂၃ အစလည်းရှုံးနဲ့ မရှုံးရရင်ကိုမနေနိုင်တော့တဲ့ မြန်မာ

မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲအဖြစ် ဗီယက်နမ်အသင်းနဲ့ ကစားခဲ့ရာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဗီယက်နမ်အသင်း ဂိုးမရခင်အချိန်ထိ မြန်မာအသင်းဟာ အကောင်းဆုံးဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးပေးရပြီးနောက်ပိုင်း မယှဉ်နိုင်တော့တာပါ။မြန်မာအသင်းဟာ ပထမပိုင်းမှာ ၂ ဂိုးပေးခဲ့ရပြီး ဒုတိယပိုင်းမှာ ၁ ဂိုးထပ်ပေးခဲ့ရပါတယ်။