Champion League

ချန်ပီယံလိဂ်ဆိုတာ ရီးရယ်မက်ဒရစ်ရဲ့ ပြိုင်ပွဲလို့ ပြောခဲ့တဲ့ ဗယ်လ်ဗာဒီ

ဗယ်လ်ဗာဒီက မန်စီးတီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မတိုင်ခင်မှာ ချန်ပီယံလိဂ်က ရီးရယ်လ်အသင်းရဲ့ ပြိုင်ပွဲလို့ပြောပြီး သတိပေးလိုက်ပါတယ်။

ဒီနှစ်သင်း ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၁ ဂိုးစီသရေကျခဲ့တာပါ။ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားပြီး ချန်ပီယံဆုကို ၁၄ ကြိမ်အထိ ရယူထားကာ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရှိနေတာဖြစ်ပါတယ်။

ဗယ်လ်ဗာဒီက “ချန်ပီယံလိဂ်မှာ ကစားရတာက ထူးခြားပါတယ်။ဘာကြောင့်လဲဆိုရင် ဒါက ရီးရယ်လ်အသင်းရဲ့ ပြိုင်ပွဲဖြစ်နေလို့ပါ။ဒါက တခြားပွဲတွေနဲ့ အမြဲတမ်းမတူပါဘူး။ထူးခြားတဲ့ အိပ်မက်တစ်ခုဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျားဟာ မတူညီတဲ့ အငွေ့အသက်တွေ၊ မတူညီတဲ့ စွမ်းအင်တွေကို ရွေးလျားပြီး အရာအားလုံးလို ထင်ရပါတယ်”

“ဒါက ဥရောပကလပ်တွေမှာရှိတဲ့ ကစားသမားတိုင်း အနိုင်ရဖို့ စိတ်ကူးထားတဲ့ ပြိုင်ပွဲတစ်ခုပါ။ပရိသတ်တွေအတွက်တော့ ဒီပြိုင်ပွဲမှာ အနိုင်ရတာထက် ပိုပြီးလှတဲ့ အရာဆိုတာ မရှိပါဘူး။ဒါက ကလပ်အဆင့်မှာ အရေးပါတဲ့ ပြိုင်ပွဲဖြစ်လို့ပါ”လို့ ပြောခဲ့ပါတယ်။

ပထမအကျော့မှာ ၁ ဂိုးစီသရေကျခဲ့တာကြောင့် မန်ချက်စတာမှာ ကစားမယ့် ဒုတိယအကျော့ပွဲမှာတော့ ၂ သင်းစလုံးအတွက် နောက်တစ်ဆင့်တက်နိုင်မယ့် အခွင့်အရေးကိုယ်စီရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။