Champion League

အုပ်စုကို ထိပ်ဆုံးနဲ့ အဆုံးသတ်ချင်လို့ လိုက်ပ်ဇစ်နဲ့ပွဲမှာ ရလဒ်ကောင်းယူမယ်လို့ ဆိုခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုအဆင့်ကို ထိပ်ဆုံးနဲ့ အဆုံးသတ်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။

မန်စီးတီးနဲ့လိုက်ပ်ဇစ်အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပြီး လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ရာနှုန်းပြည့်နိုင်ပွဲနဲ့ လိုက်ပ်ဇစ်အသင်းထက် ၃ မှတ်အသာရကာ အုပ်စုတွင်းကို ဦးဆောင်နေတာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ကျွန်တော်တို့ အနိုင်ရလဒ် ဒါမှမဟုတ် သရေရလဒ်ရယူရပါမယ်။ပထမအဆင့်က ၂ သင်းစလုံးပြီးသွားခဲ့ပြီဖြစ်လို့ လိုက်ပ်ဇစ်အသင်းကို ဂုဏ်ပြုပါတယ်။ပထမနဲ့ ပြီးဆုံးဖို့က အရေးကြီးပါတယ်။၁၆ သင်းအဆင့်ကို ကစားတဲ့အချိန်မှာတော့ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားဖို့က အဆုံးအဖြတ်မဟုတ်ပေမယ့် အားသာချက်ဖြစ်တဲ့အတွက် ဒါကို ရအောင်ယူရမယ်”လို့ ဆိုခဲ့ပါတယ်။

ဂရီလစ်ရှ်၊ မာသီးယက်နူနက်စ်နဲ့ကိုဗာဆစ်တို့ဟာ ဒီပွဲစဉ်ကို လွဲချော်ဖို့ရှိနေပြီး ဂျွန်စတုန်းစ်က မိနစ်အနည်းငယ်လောက်ပါဝင်နိုင်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။