Champion League

နယူးကာဆယ်နဲ့ ပွဲစဉ်က ဗိုလ်လုပွဲလိုပဲလို့ ဆိုခဲ့တဲ့ လူးဝစ်အင်းနရစ်

ပီအက်စ်ဂျီနည်ပြ လူးဝစ်အင်းနရစ်က နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ဗိုလ်လုပွဲလို ချဉ်းကပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

Soccer Football – Champions League – Group F – AC Milan v Paris St Germain – San Siro, Milan, Italy – November 7, 2023 Paris St Germain coach Luis Enrique before the match REUTERS/Alessandro Garofalo/ File photo

ချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲကစားပြီးချိန်မှာ အုပ်စု F က အသင်း ၄ သင်းစလုံးဟာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးကိုယ်စီရှိနေကြတာကြောင့် ပီအက်စ်ဂျီအသင်းနည်းပြက အိမ်ကွင်းအာသာချက်ကို အသုံးချသွားမယ်လို့ ဆိုခဲ့ပါတယ်။ပီအက်စ်ဂျီအသင်းဟာ နယူးကာဆယ်အသင်းအိမ်ကွင်းမှာ ကစားခဲ့တုန်းက နယူးကာဆယ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

လူးဝစ်အင်းနရစ်က “ကျွန်တော်တို့ ဒီပွဲကို ဗိုလ်လုပွဲလိုကစားသွားမှာပါ။ဒီလိုအဆင့်မှာ အိမ်ကွင်းပွဲတွေ အဓိကကျပါတယ်။နယူးကာဆယ်အသင်းဟာ ရုပ်ပိုင်းဆိုင်ရာမှာ အလွန်သန်မာပါတယ်။ဖိအားလည်းပေးနိုင်ပြီး ပြင်းထန်မှုလည်းအများကြီးရှိပါတယ်။ကျွန်တော်တို့ဟာ ဒီပွဲအတွက်အဆင်သင့်ဖြစ်နေရပါမယ်”လို့ ဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လီဂူးဝမ်း ၆ ပွဲစလုံးအနိုင်ရခဲ့ပေမယ့် အင်းနရစ်ကတော့ ဒါဟာ သူလိုချင်တဲ့ပုံစံမဟုတ်သေးဘဲ ကစားသမားတွေဆီကနေ ဒီထက်အများကြီးရစရာတွေရှိသေးတယ်လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။