Champion League

ဟာလန်းက ဘောလုံးကစားတဲ့နောက်ဆုံးနေ့အထိ ဂိုးသွင်းနေမယ်သူလို့ ဆိုခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ယန်းဘွိုင်းစ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ ဘောလုံးကစားတဲ့ နောက်ဆုံးနေ့အထိ ဂိုးတွေသွင်းယူနေဦးမှာလို့ ပြောလိုက်ပါတယ်။

ဟာလန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးခဲ့တာကို ယန်းဘွိုင်းစ်အသင်းနဲ့ ပွဲမှာ အဆုံးသတ်နိုင်ခဲ့တာပါ။ဟာလန်းဟာ ဒီဂိုးတွေကြောင့် ကစားထားတဲ့ ချန်ပီယံလိဂ် ၃၃ ပွဲမှာ ၃၇ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် နော်ဝေတိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီတင်ရှိထားတဲ့ ချန်ပီံယံလိဂ်ပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ အသက်အငယ်ဆုံးကစားသမားဆိုတဲ့ စံချိန်ကို သူက ရယူသွားခဲ့တာပါ။အသက် ၂၃ နှစ်အရွယ်ရှိဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၁၄ ပွဲကစားအပြီးမှာ ၁၁ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဂွာဒီယိုလာက “လူတွေက ဟာလန်းကို ကျရှုံးစေချင်ပေမယ့် ဒီအတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ဟာလန်းဟာ သူ့ဘဝတစ်လျှောက်လုံးဂိုးတွေသွင်းယူသွားမှာဖြစ်ပြီး အခွင့်အရေးတွေသာ ရခဲ့ရင် သူ့ရဲ့ခြိမ်းခြောက်မှုတွေက မယုံနိုင်စရာပါပဲ။သူဟာ ဘောလုံးကစားတဲ့ နောက်ဆုံးနေ့အထိ ဂိုးတွေသွင်းနေဦးမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။