ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မနက်ဖြန်မနက်ပိုင်းမှာ ကစားမယ့် ကိုပေဟေဂင်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မဖြစ်မနေအနိုင်ယူရမယ်လို့ ပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ဂါလာတာစာရေးအသင်းတို့ကို အရေးနိမ့်ခဲ့တာကြောင့် ကိုပေဟေဂင်အသင်းနဲ့ပွဲမှာ နိုင်ပွဲမရယူနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ ခက်ခဲသွားနိုင်တာပါ။အဲ့ဒါကြောင့်လည်း နည်းပြက အသင်းသားတွေကို ဒီပွဲမဖြစ်မနေ အနိုင်ကစားဖို့ ပြောခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က “ပထမ ၂ ပွဲမှာရှုံးနိမ့်ထားတဲ့အတွက် ဒီပွဲကို အနိုင်ယူရပါမယ်။ အိုးထရက်ဖိုဒ့်မှာကစားတဲ့ ညတိုင်းက အလွန်ထူးခြားပြီး ပရိသတ်တွေက ကျွန်တော်တို့ရဲ့အနောက်မှာ အမြဲတမ်းရှိနေပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲဖြစ်တဲ့ ဘရန်ဖိုဒ့်နဲ့ ရှက်ဖီးယူနိုက်တက်အသင်းကို အနိင်ရခဲတာကြောင့် ဒီပွဲကိုလည်း အနိုင်ရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။