Champion League

ရီးရယ်လ်နဲ့ သရေကျတဲ့ပွဲမှာ ဂွာဒီယိုလာကို ဝေဖန်ခဲ့တဲ့ အဂွေရို

အဂွေရိုက ရီးရယ်လ်အသင်းနဲ့ ၁ ဂိုးစီသရေကျတဲ့ပွဲမှာ တိုက်စစ်မှူး အယ်လ်ဗားရတ်ဇ်ကို အရန်ခုံမှာသာထားခဲ့တဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ တစ်ဦးမှ လူစားလဲခြင်းမရှိပဲ ယှဉ်ပြိုင်ကစားသွားခဲ့တာပါ။ဂွာဒီယိုလာဟာ အရန်ခုံပေါ်မှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဖိုဒန်၊ မာရတ်ဇ်နဲ့ အယ်လ်ဗားရတ်ဇ်တို့ရှိပေမယ့် အပြောင်းအလဲ မလုပ်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က ပွဲတွေမှာ မန်စီးတီးအသင်းအတွက် အထင်ကြီးဖွယ်ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ အယ်လ်ဗားရတ်ဇ်ကို လူစားလဲအသုံးမပြုခဲ့တာကို အဂွေရိုက အံ့အားသင့်ခဲ့ပြီး ဂွာဒီယိုလာရဲ့ နည်းဗျူဟာကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

အဂွေရိုက “ကျွန်တော်နားမလည်တာက ဂျူလီယန်ကို ဘာကြောင့် အသုံးမပြုလဲဆိုတာကိုပါ။ကျွန်တော်အံ့သြမိပါတယ်။ကျွန်တော်သာဆိုရင် သူ့ကိုတက်ကြွနေဖို့နဲ့ မီးတောက်တွေလို တောက်လောင်နေဖို့အတွက် ဂျူလီယန်ကို ပွဲတိုင်းလိုလို ကစားခိုင်းမှာပါ”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းမှာ ဟာလန်းရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ သတ်မှတ်ခံထားရတဲ့ အယ်လ်ဗားရက်ဇ်ဟာ ဒီရာသီမှာ အသင်းအတွက် ၁၅ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။