Champion League

ဘေးစည်းကျော်နေတာကို ဘာကြောင့် VAR အသုံးမပြုခဲ့တာလည်းလို့ မေးခွန်းထုတ်ခဲ့တဲ့ အန်ဆယ်လော့တီ

ရီးရယ်လ်အသင်းနဲ့ မန်စီးတီးအသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒီဘရိုင်းသွင်းယူခဲ့တဲ့ ဂိုးမတိုင်ခင် စတည်ဆောက်ခဲ့တဲ့ ဘောလုံးကို ဘာနာဒိုဆေးလ်ဗားက ရယူခဲ့တဲ့ အချိန်မှာ ဘောလုံးဟာ ဘေးစည်းကျော်နေခဲ့တာဖြစ်ပြီး ဒါကို ဒိုင်လူကြီးက ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ဒီသွင်းဂိုးပေးခဲ့တဲ့အပေါ် ဒေါသထွက်နေပြီး ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ခဲ့ရာမှာ အဝါကတ်ပြသခံခဲ့ရတာပါ။အီတလီလူမျိုးနည်းပြက ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဒါက ရှင်းပါတယ်။ကျွန်တော်ပြောတာမဟုတ်ပါဘူး။နည်းပညာမှာ ဒါကို ပြောနေတာပါ။ဒါက ထူးဆန်တယ်လို့ထင်ပါတယ်။ဘာကြောင့် VAR ကို အသုံးမပြုခဲ့လဲဆိုတာကို ကျွန်တော်နားမလည်ပါဘူး။ဘာကြောင့် ကျွန်တော့်ကို အဝါကတ်ပြလဲဆိုတာ မသိပါဘူး”

“သူက ဒီအဝါကတ်ကို ကစားသမားကို ပေးရမှာပါ။နည်းပြကို မဟုတ်ပါဘူး။ဒီပွဲမှာ ကျွန်တော်တို့က အနိုင်ရဖို့ထိုက်တန်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

၂ သင်းစလုံးဟာ လာမယ့် ပြည်တွင်းပွဲစဉ်တွေအဖြစ် မန်စီးတီးက အဲဗာတန်၊ရီးရယ်လ်က ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။