Champion League

ကိုပေဟေဂင်နဲ့ပွဲက ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကို အလွန်စိတ်ပျက်တယ်လို့ တန်ဟတ်ဆို

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ကိုပေဟေဂင်အသင်းကို အရေးနိမ့်တဲ့ပွဲက
ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေအပေါ် စိတ်ပျက်မိတယ်လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ ကိုပေဟေဂင်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပေမယ့် ရက်ရှ်ဖိုဒ့်က ပြိုင်ဘက်ကစားသမားကို ကြမ်းတမ်းစွာကစားခဲ့တယ်ဆိုပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက်မှာ ပွဲရလဒ်ဟာ ပြောင်းလဲသွားခဲ့တာပါ။အဲရစ်တန်ဟတ်ကတော့ ကိုပေဟေဂင်ရဲ့သွင်းဂိုး ၂ ဂိုးကိုလည်း ခွင့်မပြုသင့်ဘူးလို့ဆိုခဲ့ပါတယ်။

အဲရစ်တန်ဟတ်က ” အနီကတ်က အရာအားလုံးပြောင်းလဲသွားခဲ့တာပါ။အနီကတ်မထိခင်အထိ ကျွန်တော်တို့ ကစားပုံကောင်းနေခဲ့ပါတယ်။ဒါပေမယ့် အနီကတ်လည်းထိရော ကွဲပြားခြားနားသွားခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်က ပြင်းထန်ပါတယ်”

TOPSHOT – Lithuanian referee Donatas Rumsas shows the red card to Manchester United’s English striker #10 Marcus Rashford (2nd R) during the UEFA Champions League Group A football match between FC Copenhagen and Manchester United FC in Copenhagen, Denmark on November 8, 2023. (Photo by Jonathan NACKSTRAND / AFP) (Photo by JONATHAN NACKSTRAND/AFP via Getty Images)

“ကိုပေဟေဂင်သွင်းတဲ့ ၂ ဂိုးကို ခွင့်မပြုသင့်ပါဘူး။ ၁ ဂိုးကလူကျွံနေပါတယ်။ပြိုင်ဘက်ကစားသမားက အိုနာနာရှေ့မှာရောက်နေတာပါ။ပင်နယ်တီပေးတာကလည်း ပြင်းထန်ပါတယ်။ဒီဆုံးဖြတ်ချက်တွေကို အလွန်စိတ်ပျက်မိပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ဖို့ ခက်ခဲသွားပြီး လက်ကျန် ၂ ပွဲကို မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။