Champion League

နယူးကာဆယ်အတွက် ချန်ပီယံလိဂ်မှာ ဂိုးသွင်းပြီးနောက် တစ်စုံတစ်ဦး အိပ်မက်ကနေလာနိုးကြပါလို့ ဒန်ဘန်းဆို

ပီအက်စ်ဂျီအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒန်ဘန်းက သူ့ကို အိပ်မက်ကနေ လာနိုးပေးကြပါလို့ ပြောလိုက်ပါတယ်။

ဆယ်ကျော်သက်ကစားသမားဘဝက နယူးကာဆယ်အသင်းမှာ ကစားခဲ့ပြီး ၂၀၂၂ မှာ ဘရိုက်တန်အသင်းကနေ နယူးကာဆယ်အသင်းထံ ပြန်ရောက်ရှိလာခဲ့တဲ့ ဒန်ဘန်းဟာ ကစားသမားဘ၀ ပထမဆုံးကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒန်ဘန်းက “ကျွန်တော့်ကစားသမားဘဝက အတက်အကျကြမ်းပါတယ်။ အသက် ၂၅ နှစ်အရွယ်မှာ ဖူလ်ဟမ်ကနေ ထွက်ခွာခဲ့ပြီးနောက် အခုလို ချန်ပီယံလိဂ်မှာ ကစားရဖို့ အိပ်မက်မက်နေသလိုပါပဲ။ကျွန်တော်ဟာ တစ်စုံတစ်ဦးက အိပ်မက်ကနေ လာနိုးပေးဖို့ စောင့်ဆိုင်းနေတာပါ”လို့ ဆိုခဲ့ပါတယ်။

Soccer Football – Champions League – Group F – Newcastle United v Paris St Germain – St James’ Park, Newcastle, Britain – October 4, 2023 Newcastle United’s Dan Burn scores their second goal Action Images via Reuters/Lee Smith

ဒီပွဲမှာ နယူးကာဆယ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ လောင်းစတပ်ကလည်း သူနဲ့ ဘန်ဒန်းအတွက်ကတော့ ဒီလိုညမှာ ဂိုးသွင်းနိုင်ခဲ့ပြီး အိပ်မက်မက်နေသလိုပါပဲလို့ ပြောခဲ့ပါတယ်။နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုကျပ်ထဲကျရောက်နေလို့ အခက်တွေ့နိုင်တယ်လို့ သုံးသပ်နေကြပေမယ့် ၂ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်အထိ ရယူထားနိုင်ခဲ့တာပါ။

နယူးကာဆယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။