Bundesliga

ဒီကလန်ရိုက်စ်ကို ဖုန်းဆက်ပြီး ဘိုင်ယန်မြူးနစ်ဆီလာဖို့ လုပ်ခဲ့တဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်ဟာ အသင်းရဲ့အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားကို ဖုန်းဆက်ပြီး ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာမယ့် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ယူနိုက်တက်၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့က စိတ်ဝင်စားနေကြပြီး ဘိုင်ယန်မြူးနစ်အသင်းက သူတို့ထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက အင်္ဂလန်ကစားသမားကို ခေါ်ယူနိုင်မယ်လို့ သတင်းတွေထွက်နေပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ပေါင်(၉၅)သန်းပေးပြီး ကမ်းလှမ်းဖို့ ရှိနေတာပါ။တူချယ်လ်ဟာ ဒီကလန်ရိုက်စ်ကို ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ချိန်ကတည်းက သဘောကျနေတာဖြစ်ပါတယ်။

ဒီကလန်ရိုက်စ်ကတော့ အင်္ဂလန်မှာ ဆက်ပြီးရှိနေချင်ပေမယ့် ဆုဖလားတွေရယူနိုင်မယ့် အခွင့်အရေးအတွက် ကြီးမားတဲ့ အသင်းကို ပြောင်းရွှေ့ချင်နေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်ကစားသမား သွားနိုင်တဲ့ အသင်းအဖြစ်ရှိနေတာပါ။

ဒီကလန်ရိုက်စ်ကတော့ လက်ရှိအချိန်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါကွန်းဖရန့်စ်လိဂ်ဗိုလ်လုပွဲအဖြစ် ဖီအိုရင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ