Bundesliga

ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ပထမဆုံးအမျိုးသမီးနည်းပြဖြစ်လာတဲ့ မာရီအီတာ

ယူနီယံဘာလင်အသင်းရဲ့လက်ထောက်နည်းပြ မာရီအီတာဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ကိုင်တွယ်တဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။မာရီအီတာဟာ ဒမ်စတက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ယူနီယံဘာလင်အသင်းကို နည်းပြအဖြစ်တာဝန်ယူခဲ့တာပါ။

မာရီအီတာဟာ ဒီရာသီအစပိုင်းမှာ ယူနီယံဘာလင်အသင်းရဲ့လက်ထောက်နည်းပြအဖြစ်ခန့်အပ်ခံရတာဖြစ်ပါတယ်။ယူနီယံဘာလင်အသင်းရဲ့နည်းပြ ဘာဂျီလ်ကာဟာ ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကစားသမား ဆာနေးရဲ့မျက်နှာကို လက်နဲ့ တွန်းခဲ့တာကြောင့် ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အဲ့ဒါကြောင့် မာရီအီတာဟာ ဒမ်စတက်အသင်းနဲ့ပွဲစဉ်မှာ ယူနီယံဘာလင်အသင်းကို ဦးဆောင်ကိုင်တွယ်ခဲ့ရတာပါ။ဒီပွဲမှာ ယူနီယံဘာလင်အသင်းဟာ ဒမ်စတက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။မာရီအီတာဟာ လိုက်ပ်ဇစ်နဲ့မိန့်ဇ်အသင်းတို့ရဲ့ပွဲစဉ်တွေမှာလည်း ယူနီယံဘာလင်အသင်းကို ဆက်ပြီးကိုင်တွယ်ရဦးမှာပါ။

ဒီရာသီမှာ ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တဲ့ ယူနီယံဘာလင်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရသလို ဘွန်ဒစ်လီဂါပြိုင်ပွဲမှာလည်း အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ