Bundesliga

ဘိုချန်ကို အနိုင်မရခဲ့လို့ ဘိုင်ယန်ကို အခွင့်အရေးပြန်ပေးသလိုဖြစ်ခဲ့တဲ့ ဒေါ့မွန်

ဒေါ့မွန်အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုချန်အသင်းနဲ့ ၁ ဂိုးစီသရေကျသွားခဲ့ပါတယ်။

ပွဲချိန် ၇ မိနစ်မှာတင် ၁ ဂိုးစီသရေကျခဲ့ပြီးနောက် နှစ်သင်းစလုံးဟာ သွင်းဂိုးတွေထပ်ပြီး မသွင်းယူနိုင်တော့တာပါ။ဒေါ့မွန်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှုအများအပြားရှိခဲ့ပေမယ့် သရေတစ်မှတ်သာရခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဒီရလဒ်ကြောင့် ဒုတိယနေရာက ဘိုင်ယန်မြူးနစ်အသင်းကို ၂ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။ဒါပေမယ့် လာမယ့်ပွဲမှာ ဘိုင်ယန်မြူးနစ်ကသာ အနိုင်ရခဲ့ရင်တော့ ဒေါ့မွန်အသင်းဟာ အဆင့် ၂ နေရာကို ပြန်ရောက်သွားမှာပါ။

Soccer Football – Bundesliga – VfL Bochum v Borussia Dortmund – Ruhrstadion, Bochum, Germany – April 28, 2023 Borussia Dortmund players applaud fans after the match REUTERS/Thilo Schmuelgen

ဒေါ့မွန်အသင်းဟာ ဘိုင်ယန်ရဲ့ရလဒ်ဆိုးတွေကြောင့် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိလာခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီအခွင့်အရေးအတွက် ဘိုင်ယန်ရဲ့ရလဒ်ကို ပြန်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ မနက်ဖြန်မှာ ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဟာသာဘာလင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ