Bundesliga

အပြောင်းအရွှေ့အပြီးသတ်ဖို့ ဟာရီကိန်းကို ပြောင်းရွှေ့ကြေးတိုးပြီးကမ်းလှမ်းမယ့် ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးနဲ့ အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့အတွက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပေါင်သန်း ၇၀ နဲ့ ဟာရီကိန်းကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် စပါးအသင်းဘက်က ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ဘွန်ဒစ်လီဂါချန်ပီယံအသင်းဟာ အခုအချိန်မှာ နောက်ထပ်ကမ်းလှမ်းမှုတစ်ခု ထပ်မံပြုလုပ်ဖို့မျှော်လင့်နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနောက်ထပ်ကမ်းလှမ်းမှုကနေ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့ ယုံကြည်နေတာပါ။ဂျာမန်သတင်းစာတွေက ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာရီကိန်းကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ ဖော်ပြခဲ့ကြပါတယ်။

လာမယ့်နှစ်နွေရာသီမှာ စပါးအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဟာရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ရီးရယ်လ်အသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပေမယ့် စပါးအသင်းကတော့ သူတို့ရဲ့ စံချိန်တင် ဂိုးသွင်းရှင်ကို ဆက်ထိန်းချင်တာကြောင့် မရောင်းချချင်ဘူး ဖြစ်နေပါတယ်။

ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်နေတာကြောင့် အပြောင်းအရွှေ့အမြန်ဆုံးဖြစ်မြောက်ဖို့ လိုချင်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ