Bundesliga

ကိုလုံးနဲ့ပွဲမှာ ဂိုးသွင်းပြီး ဘိုင်ယန်ကို ဘွန်ဒစ်လီဂါထိပ်ဆုံးပို့ပေးခဲ့တဲ့ ဟာရီကိန်း

ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ကိုလုံးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသောဂိုးသွင်းယူခဲ့ပြီး ဘွန်ဒစ်လီဂါထိပ်ဆုံးနေရာကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဟာရီကိန်းဟာ ဒီပွဲက သွင်းဂိုးခဲ့တဲ့ဂိုးကြောင့် ဒီရာသီ ဘွန်ဒစ်လီဂါပွဲစှဉ် ၁၂ ပွဲကစားအပြီးမှာ ၁၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။အဲ့ဒါကြောင့် ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါတစ်ရာသီအတွင်း သွင်းဂိုး ၁၈ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ် ၁၂ ပွဲမှာ ၁၈ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၇ ပွဲကစားအပြီးမှာ ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Soccer Football – Germany – Bundesliga – FC Cologne v Bayern Munich – RheinEnergieStadion, Cologne, Germany – November 24, 2023 Bayern Munich’s Harry Kane celebrates scoring their first goal REUTERS/Thilo Schmuelgen DFL REGULATIONS PROHIBIT ANY USE OF PHOTOGRAPHS AS IMAGE SEQUENCES AND/OR QUASI-VIDEO.

ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုလုံးအသင်းကို အနိုင်ရခဲ့တဲ့အတွက် လေဗာကူဆင်အသင်းထက် ၁ ပွဲပိုကစားထားပြီး ရမှတ် ၁ မှတ်အသာနဲ့ ဘွန်ဒစ်လီဂါအမှတ်ပေးဇယားကို ဦးဆောင်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ