Bundesliga

ဘိုင်ယန်နဲ့ ဒီရာသီမှာ ဆုဖလားအားလုံးရယူသွားမယ်လို့ဆိုခဲ့တဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ်ဖြစ်လာတဲ့ တူချယ်လ်ကတော့ အသင်းနဲ့ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီရာသီရယူနိုင်ဖို့ရှိနေတဲ့ ဆုဖလားအားလုံးကို ရယူသွားမယ်လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဒေါ့မွန်အသင်းရဲ့နောက် ဒုတိယနေရာမှာရပ်တည်ပြီးနောက် နည်းပြ နာဂျယ်လ်စမန်းကို ထုတ်ပယ်ပြီး အသင်းကိုင်တွယ်ခြင်းမရှိသေးတဲ့ တူချယ်လ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာပါ။ဘိုင်ယန်မြူးနစ်အသင်းဟာ တူချယ်လ်ကို ၂၀၂၅ အထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

တူချယ်လ်က “အရာတွေက မြန်ဆန်ခဲ့ပါတယ်။အချိန်က အံဩစရာဖြစ်ပြီး၊ဒါကို မမျှော်လင့်ထားပါဘူး။ကြိုပြီးလည်း အဆက်အသွယ်မရှိခဲ့ပါဘူး။ကျွန်တော်ဟာ နိုင်ငံရပ်ခြားမှာ အလုပ်ဆက်လုပ်ရမယ်လို့ မျှော်လင့်ခဲ့တာပါ”

“ဘိုင်ယန်ရဲ့ကမ်းလှမ်းမှုကို မြန်မြန်ဆန်ဆန်ပဲလက်ခံခဲ့ပါတယ်။ဘိုင်ယန်ရဲ့DNA က အောင်ပွဲခံဖို့ပါ။ဒါကြောင့် ဒီရာသီမှာ ဆုဖလားအားလုံးကို ရယူနိုင်မယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့တာပါ။

တူချယ်လ်ရဲ့ဘိုင်ယန်မြူးနစ်နည်းပြဘ၀ ပထမဆုံးပွဲစဉ်ကတော့ ဧပြီလ ၁ ရက်မှာကစားရမယ့် အသင်းဟောင်း ဒေါ့မွန်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ