Bundesliga

အမှတ်တွေက သဲတွေလို မိမိတို့လက်ထဲမှာပြေးနေတယ်လို့ ပြောလာတဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြတူချယ်လ်လက်ထက်မှာ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ မိန့်ဇ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

နာဂျယ်လ်စမန်းရဲ့နေရာမှာအစားထိုးဝင်ရောက်လာတဲ့ တူချယ်လ်ရဲ့လက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆိုးရွားတဲ့ ရလဒ်တွေကြုံတွေ့နေရပြီး သူ့လက်ထဲမှာ ဂျာမန်ကလပ်ဟာ ၃ ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ဒီရလဒ်ကြောင့် ဒေါ့မွန်အသင်းဟာ ဘိုင်ယန်မြူးနစ်လက်ထဲကနေ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူသွားခဲ့ပါတယ်။

တူချယ်လ်က “ကျွန်တော်တို့ဟာ ဒီရာသီမှာ ပွဲပေါင်း ၈၀ ကစားထားပြီးတဲ့ အသင်းလိုပါပဲ။ကျွန်တော်တို့ဟာ အပြစ်ကင်းစင်တဲ့ ဘောလုံးကို မကစားနိုင်တော့ပါဘူး။ပွဲတွေနဲ့ ရမှတ်တွေက သဲတွေလို ကျွန်တော်တို့ရဲ့လက်ထဲမှာ ပြေးနေပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ တူချယ်လ်လက်ထက်မှာ ဆုဖလား ၂ လုံးကနေ ထွက်ခွာခဲ့ရသလို ဘွန်ဒစ်လီဂါမှာလည်း ဒုတိယနေရာကို ရောက်ရှိသွားခဲ့တာပါ။ဒါ့အပြင် မာနေးနဲ့ ဆာနေးတို့ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း တူချယ်လ်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ