Bundesliga

ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်ကြီးစိုးနေတာကို အဆုံးသတ်ဖို့ နီးစပ်သွားခဲ့တဲ့ ဒေါ့မွန်

ဒေါ့မွန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အော့စ်ဘတ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပေမယ့် တစ်ယောက်အသာနဲ့ ကစားခဲ့ရတဲ့ ဒေါ့မွန်အသင်းအတွက် ဂိုးတွေကို ဒုတိယပိုင်းမှာ ဟော်လာက ၂ ဂိုးနဲ့ ဘရန့်ဒ်က ၁ ဂိုးသွင်းယူခဲ့တာပါ။

ဒီပွဲအနိုင်ရလဒ်ကြောင့် ဒေါ့မွန်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂ မှတ်အသာနဲ့ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းကို အရေးနိမ့်ခဲ့တဲ့အပေါ် ဒေါ့မွန်အသင်းက အခွင့်အရေးအပြည့်အဝ အသုံးချနိုင်ခဲ့တာပါ။

ဒေါ့မွန်အသင်းဟာ နောက်ဆုံးပွဲအဖြစ် ကစားမယ့် မိန့်ဇ်အသင်းနဲ့ ပွဲမှာ အနိုင်ရရှိတာနဲ့ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ဘွန်ဒစ်လီဂါဖလားကို ပထမဆုံးအကြိမ်ရရှိတော့မှာပါ။

ဘိုင်ယန်မြူးနစ်ကတော့ ၁၁ နှစ်ဆက်ရရှိထားတဲ့ ဘွန်ဒစ်လီဂါဖလားကို အခုနှစ်ရာသီမှာ လက်လွှတ်ရဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ