Bundesliga

ဘွန်ဒစ်လီဂါဖလားကို ဘိုင်ယန်ရနိုင်သေးတယ်လို့ ပြောခဲ့တဲ့ သော်မတ်မူလာ

ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ကွင်းမှာ လိုက်ပ်ဇစ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် တိုက်စစ်ကစားသမား သော်မတ်စ်မူလာကတော့ ဘွန်ဒစ်လီဂါဖလားကို သူတို့ရနိုင်သေးတယ်လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းကို အရေးနိမ့်ပြီး ဘွန်ဒစ်လီဂါအမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒီညမှာကစားမယ့် ပွဲမှာ ဒေါ့မွန်အသင်းအနိုင်ရခဲ့ရင် အမှတ်ပေးဇယားကို ၂ မှတ်အသာနဲ့ ပြန်ဦးဆောင်နိုင်မှာပါ။

သော်မတ်စ်မူလာကတော့ ဘွန်ဒစ်လီဂါပွဲစဉ်ကစားဖို့ ၁ ပွဲကျန်ရှ်ိနေသေးပေမယ့် သူတို့ဆုဖလားရနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

သော်မတ်စ်မူလာက “ကျွန်တော်တို့ ဂျာမန်ချန်ပီယံဖြစ်နိုင်ပါသေးတယ်။ဒေါ့မွန်က ၂ ပွဲကစားနိုင်ဖို့ လိုအပ်နေပြီး ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရမှာပါ။အခွင့်အရေးရှိပါသေးတယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ