Bundesliga

လိုက်ပ်ဇစ်ကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး ဒေါ့မွန်ကို အခွင့်အရေးပေးလိုက်တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂနာဘရီရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လိုင်မာ၊ အန်ကန်ကူနဲ့ ဆာဇိုဘိုစလိုင်းတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပေးခဲ့တာကြောင့် လိုက်ပ်ဇစ်အသင်း အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့တာကြောင့် လက်ကျန်ပွဲ ၁ ပွဲပဲကစားဖို့ကျန်ရှိတော့တဲ့အချိန်မှာ အဆင့် ၁ နေရာက ဒေါ့မွန်အသင်းကို ၁ မှတ်သာဖြတ်ထားနိုင်ခဲ့တာပါ။ဒီနေ့ညမှာ ကစားမယ့်ပွဲမှာ ဒေါ့မွန်အသင်းအနိုင်ရခဲ့ရင် ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်ခွင့်ရသွားမှာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ ဒီညမှာ ကစားမယ့် အော့စ်ဘတ်စ်အသင်းနဲ့ ပွဲမှာ အနိုင်ရခဲ့ရင် ၂၀၁၂ နောက်ပိုင်း ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုကို ရယူနိုင်တော့မှာပါ။ဒါ့အပြင် ဘိုင်ယန်အသင်းရဲ့၁၁ နှစ်ဆက်တိုက်ဆုဖလားရယူမှုကိုလည်း အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။

MUNICH, GERMANY – MAY 20: Thomas Mueller of FC Bayern Munich looks dejected after the team’s defeat in the Bundesliga match between FC Bayern München and RB Leipzig at Allianz Arena on May 20, 2023 in Munich, Germany. (Photo by Matthias Hangst/Getty Images)

ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့တဲ့ လိုက်ပ်ဇစ်အသင်းကတော့ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့် ၃နေရာကို ရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ