Bundesliga

တူချယ်လ်ရဲ့နေရာမှာ ဆိုးလ်ရှားကို ယာယီအစားထိုးဖို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ရလဒ်တွေဆိုးနေတာကြောင့် နည်းပြ တူချယ်လ်ရဲ့နေရာမှာ ယူနိုက်တက်အသင်းနည်းပြဟောင်း ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်အစားထိုးခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုချန်အသင်းကို အရေးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်အရေးနိမ့်ခဲ့တာပါ။အဲ့ဒါကြောင့် နည်းပြတူချယ်လ်ဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းကို ကိုင်တွယ်နေတဲ့ ကစားသမားဟောင်း အလွန်ဆိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေသလို နည်းပြဟောင်း ဟန်ဆီဖလစ်ကို ရာသီအကုန်ထိ ခန့်အပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ဒီအချိန်မှာ အံ့အားသင့်စရာကောင်းတာကတော့ ယူနိုက်တက်အသင်းနည်းပြဟောင်း ဆီုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ဘိုင်ယန်မြူးနစ်အသင်း စောင့်ကြည့်နေတယ်လို့ Sky Germany က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက အသင်းအချို့နဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိအချိန်ထိ ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတာပါ။ဆိုးလ်ရှားဟာ လက်ရှိ UEFA မှာနည်းပညာပိုင်းလေ့လာသူအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကသာ ချဉ်းကပ်မှုပြုလုပ်လာရင် နည်းပြအဖြစ် ကိုင်တွယ်ဖို့ စိတ်ဝင်စားနိုင်တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ တူချယ်လ်ကို ထုတ်ပယ်ဦးမှာမဟုတ်သေးဘဲ လာမယ့် လိုက်ပ်ဇစ်အသင်းနဲ့ ပွဲစဉ်ကို ကိုင်တွယ်စေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ