Bundesliga

သူတို့ကို အနိုင်မရခဲ့တဲ့ ဘိုင်ယန်ကို လှောင်ပြောင်လိုက်တဲ့ ဂလာဘတ်

စနေနေ့ကကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ မိုချန်ဂလာဘတ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲရဲ့ပွဲအစ ၈ မိနစ်ကတည်းက အူပါမီကာနိုတိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရတာက ဘိုင်ယန်အတွက်ခက်ခဲသွားခဲ့တာပါ။ဘိုင်ယန်မြူးနစ်အသင်းဟာ အရင်ကတည်းက မိုချန်ဂလာဘတ်နဲ့ တွေ့ဆုံခဲ့တဲ့ပွဲတွေမှာ ရလဒ်ဆိုးတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါကို ဒီပွဲမှာလည်း ဆက်ထိန်းသိမ်းနိုင်ခဲ့ပြီးအရင်က ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့တဲ့ပွဲတွေမှာ မိုချန်ဂလာဘတ်အသင်းအတွက် ဂိုးသမားဖြစ်သူ ဆိုးမားက လက်စွမ်းပြကာကွယ်နိုင်ခဲ့တာပါ။

အခုအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂိုးသမား နူအာဒဏ်ရာရသွားခဲ့လို့ ရာသီအကုန်ထိ အနားယူရမှာဖြစ်တာကြောင့် မိုချန်ဂလာဘတ်ဂိုးသမား ဆိုးမားကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဆိုးမားဟာ အသင်းဟောင်းနဲ့ ပြန်တွေ့တဲ့ပွဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းအနိုင်ရအောင် မလုပ်ဆောင်နိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် မိုချန်ဂလာဘတ်ရဲ့တရားဝင်ပေ့ချ်က “ဆိုးမားကို ဝယ်ထားလည်း မိုချန်ဂလာဘတ်ကို အနိုင်မယူနိုင်သေးပါဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

https://www.facebook.com/1432189737069186/posts/pfbid0iF2KbhNtVZ13pBaZSzN8C2bdBh51tosCPsa91Ue9jUDtRiqSoyJngyabPPYFwrWKl/?mibextid=Nif5oz

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့ပေမယ့် ဒုတိယနေရာက ယူနီယံဘာလင်အသင်းကို ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး မိုချန်ဂလာဘတ်ကတော့ အဆင့် ၈ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ