Bundesliga

ရှုံးပွဲဆက်နေပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ထောက်ခံမှုကို ရရှိနေတဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘိုချန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲစုံ ၃ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် နည်းပြ တူချယ်လ်ကို ထုတ်ပယ်သွားဦးမှာမဟုတ်ဘူးလို့ အသင်းရဲ့CEOံ အတည်ပြုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘိုချန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဘွန်ဒစ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လေဗာကူဆင်အသင်းနဲ့ ၈ မှတ်အကွာ ဒုတိယနေရာမှာရပ်တည်နေတာပါ။ဒီရှုံးပွဲကြောင့် နည်းပြတူချယ်လ်ဟာ ရာထူးက ထုတ်ပယ်ခံရမယ့် ဖိအားတွေပိုပြီးတိုးလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်း CEO ဒရီးဆန်က”ထွက်ပေါ်နေတဲ့ သတင်းတွေက အမှိုက်တွေလို့ခံစားရပါတယ်။နည်းပြနဲ့ ပတ်သက်ပြီးကြီးကြီးမားမားပြောဆိုတဲ့အရာတွေကို ကျနော်မယုံပါဘူး။ဒီကိစ္စက အခု ကျနော်တို့ရဲ့စိတ်ထဲမှာမရှိပါဘူး။လာမယ့်ပွဲကို သူကိုင်တွယ်မှာပါ”လို့ ဆိုခဲ့ပါတယ်။

တူချယ်လ်ကလည်း ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ရာထူးက နုတ်ထွက်သွားမှာမဟုတ်ဘဲ ရလဒ်ကောင်းတွေပြန်လည်ရရှိအောင် တိုက်ပွဲဝင်သွားမယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ