Bundesliga

ဘိုင်ယန်ပွဲဦးထွက်မှာ ဂိုးလည်းသွင်း၊ဂိုးလည်းဖန်တီးခဲ့တဲ့ ဟာရီကိန်း

ဘိုင်ယန်မြူးနစ်အသင်းက ဝါဒါဘရီမင်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ တိုက်စစ်မှူးသစ် ဟာရီကိန်းဟာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဟာရီကိန်းဟာ ပွဲအစ ၄ မိနစ်မှာ ဆာနေးသွင်းယူတဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး အယ်လ်ဖွန်ဆိုဒေးဗီးစ်ရဲ့ဖန်တီးပေးမှုကို ပွဲချိန် ၇၄ မိနစ်မှာ အဆုံးသတ်နိုင်ခဲ့တာပါ။အဲ့ဒါကြောင့် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက်နောက်ထပ်ဂိုးတွေကို ဆာနေးနဲ့ တဲလ်တို့က သွင်းယူခဲ့ပြီး ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်မှာ ၃ မှတ်စတင်ရရှိသွားခဲ့ပါတယ်။ဟာရီကိန်းက “ကျွန်တော်အနည်းငယ်စိတ်လှုပ်ရှားနေခဲ့ပေမယ့် ပွဲအစပိုင်းမှာတင် သွင်းဂိုးနဲ့ စတင်နိုင်ခဲ့ပါတယ်”

“ကွင်းထဲမှာတော့ ကျွန်တော့်ဗီဇက အမြဲတမ်းလွှမ်းမိုးနေပြီး သွင်းဂိုးရယူနိုင်ခဲ့ပါတယ်”လို့ဆိုခဲ့ပါတယ်။ဟာရီကိန်းဟာ ဒီပွဲမှာ ပွဲချိန် ၈၄ မိနစ်အထိ ဝင်ရောက်ကစားသွားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်အပတ်မှာ အော့စ်ဘတ်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ