Bundesliga

ဟီဒန်ဟိမ်းကိုအနိုင်ရပြီးနောက် ဘိုင်ယန်ရဲ့ရှုံးပွဲမရှိစံချိန်နဲ့ တူညီသွားခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဟီဒန်ဟိမ်းအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ရှုံးပွဲမရှိစံချိန်နဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီမှာ အံ့အားသင့်ဖွယ်ပုံစံကောင်းတွေပြသနေတဲ့ လေဗာကူဆင်အသင်းဟာ ဟီဒန်ဟိမ်းအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီပြိုင်ပွဲစုံ ၃၂ ပွဲဆက်တိုက်ရှုံးပွဲမရှိတာဖြစ်ပြီး ၂၀၂၀ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းရဲ့စံချိန်နဲ့ တူညီသွားခဲ့ပြီဖြစ်တာပါ။အဲ့ဒါကြောင့် လေဗာကူဆင်အသင်းအနေနဲ့ လာမယ့်ပွဲစဉ်မှာသာ ရှုံးပွဲမရှိအောင် ကစားနိုင်ရင် စံချိန်သစ်တင်နိုင်တော့မှာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်း ၁ ပွဲကစားဖို့ ကျန်ရှိနေသေးချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၈ မှတ်အထိဖြတ်ထားနိုင်ခဲ့တာပါ။ဘိုင်ယန်မြူးနစ်အသင်းဟာ ၁၉၉၃ ဂျာမန်ဖလားရရှိပြီးနောက် ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တာကို ဒီရာသီမှာ အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ လာမယ့်အပတ်မှာ ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဘိုချန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ