Bundesliga

ဟာရီကိန်းကို မခေါ်ဖို့ ဘိုင်ယန်မြူးနစ်ကို ပြောခဲ့တဲ့ လိုသာမာသီးယတ်စ်

ဘိုင်ယန်မြူးနစ်ဂန္တဝင် လိုသာမာသီးယတ်စ်က ဟာရီကိန်းဟာ အသင်းအတွက် ဈေးကြီးလွန်းပြီး အသက်ကြီးလွန်းတာကြောင့် မခေါ်ယူဖို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းကို ပြောင်းခဲ့တဲ့ လီဝန်ဒေါစကီးနေရာကို ရေရှည်အစားထိုးဖို့ အတွက် ဟာရီကိန်းကို ပစ်မှတ်ထားနေတာပါ။လက်ရှိအချိန်မှာ ဟာရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်ကလည်း ကြိုးစားနေတာဖြစ်ပါတယ်။

လိုသာမာသီးယတ်စ်ကတော့ အိုဆင်ဟမ်၊မူအာနီနဲ့ နီကလပ်စ်တို့ထဲက တစ်ဦးဦးကို ခေါ်ယူဖို့ ပြောခဲ့ပြီး သူတို့တွေဟာ အသင်းနဲ့ အံဝင်ခွင်ကျ ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။

လိုသာမာသီးယတ်စ်က “အိုဆင်ဟမ်ရဲ့နာပိုလီက စွမ်းဆောင်ရည်ကို လူတိုင်းပြောနေကြပြီး မြူးနစ်မှာ ဒီလိုလုပ်နိုင်မလားဆိုတာ မသိပေမယ့် သူနဲ့အံဝင်ခွင်ကျဖြစ်မယ်လို့ ထင်ပါတယ်။မူအာနီပလည်း မြူးနစ်မှာ အလုပ်ကောင်းကောင်းလုပ်နိုင်မှာပါ”

“ဟာရီကိန်းကတော့ ကျွန်တော့်အတွက် အသက်ကြီးလွန်းပြီး ဈေးလည်းကြီးလွန်းပါတယ်။နီကပ်စ်ဆိုရင် ယူရို ၂၀ ကနေ ၂၅ သန်းပေးရနိုင်ပြီး မြူးနစ်မှာ ၂၅ ဂိုးလောက်သွင်းယူနိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းဟာ ဒီရာသီမှာလည်း စပါးအသင်းအတွက် ခြေစွမ်းပြသနေပြီး စပါးအသင်းနဲ့ အင်္ဂလန်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ