Bundesliga

ဟော်ဖန်ဟိမ်းနဲ့ပွဲမှာ ဂိုးသွင်းပြီး လီဝန်ဒေါစကီးနဲ့ စံချိန်တူညီသွားခဲ့တဲ့ ဟာရီကိန်း

ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ဟော်ဖန်ဟိမ်းအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးရဲ့စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကမှ စပါးအသင်းကနေ ရောက်ရှိလာတဲ့ ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ရာသီဝက်ပြီးဆုံးချိန်မှာ သွင်းဂိုး ၂၂ ဂိုးသွင်းယူထားတာပါ။အဲ့ဒါကြောင့် ဟာရီကိန်းဟာ ၂၀၂၀-၂၁ ရာသီရဲ့ရာသီဝက်မှာ လီဝန်ဒေါစကီးတင်ရှိထားတဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ရာသီဝက်ဂိုးသွင်းအများဆုံးကစားသမားစံချိန်နဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။

ဟာရီကိန်းအနေနဲ့ လက်ရှိဂိုးသွင်းနှုန်းကို ဆက်ထိန်းထားမယ်ဆိုရင် ဘွန်ဒစ်လီဂါတစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ လီဝန်ဒေါစကီးရဲ့စံချိန်ကို ထပ်ပြီးချိုးဖျက်ဖို့ ရှိနေတာပါ။ဟာရီကိန်းဟာ လက်ရှိအချိန်မှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲကစားထားပြီး ၂၆ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် ထိပ်ဆုံးနေရာက လေဗာကူဆင်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ