Bundesliga

မာနေးကို လူစာရင်းကချန်လှပ်ပြီး ဘိုင်ယန်မြူးနစ်စတင်အရေးယူ

ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အပြီးမှာ ဆာနေးရဲ့မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ မာနေးကို ဟော်ဖန်ဟိမ်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်အတွက် အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

မာနေးဟာ ဒီပွဲရဲ့ပွဲအပြီးအဝတ်လဲခန်းမှာ ဆားနေးရဲ့မျက်နှာကို လက်သီးနဲ့ထိုးခဲ့တာကြောင့် ဂျာမန်ကစားသမားရဲ့နှုတ်ခမ်းကွဲသွားခဲ့ပါတယ်။ထိပ်တိုက်တွေ့ခဲ့ကြတဲ့ သူတို့နှစ်ဦးကို အသင်းဖော်တွေက လူစုခွဲခဲ့ရတာပါ။

မာနေးဟာ ကြာသပတေးနေ့မနက်ပိုင်းက အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာပါဝင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ သူ့ကို အရေးယူတဲ့ အနေနဲ့ လာမယ့် ဘွန်ဒစ်လီဂါပွဲစဉ်ရဲ့လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မာနေးအနေနဲ့ ကြီးမားတဲ့ ဒဏ်ကြေးငွေပါ ပေးချေရဖို့ ရှိနေပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ မာနေးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုပါ ဖျက်သိမ်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မာနေးဟာ ဒီရာသီ ဘိုင်ယန်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့အပေါ် စိတ်ပျက်နေပြီး လက်ရှိအခြေအနေကြောင့် အသင်းက ထွက်ခွာဖို့ များနေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ