Bundesliga

ဒေါ့မွန်ထံ ပြောင်းမှာဖြစ်လို့ Instagram အကောင့်ကို ပြန်အသက်သွင်းခဲ့တဲ့ ဆန်ချို

ယူနိုက်တက်အသင်းကနေ ဒေ့ါမွန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့တော့မယ့် ဆန်ချိုဟာ ပိတ်ထားတဲ့ သူ့ရဲ့Instagram အကောင့်ကို ပြန်လည်အသက်သွင်းလိုက်ပြီဖြစ်ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့မှုကို အပြီးသတ်နိုင်ဖို့အတွက် ဂျာမနီကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ပြီးကတည်းက သူ့ရဲ့အင်စတာဂရမ်အကောင့်ကို ပိတ်ထားခဲ့ပေမယ့် အခုအသင်းဟောင်းထံ ပြန်လည်ပြောင်းတော့မှာဖြစ်လို့ ပြန်လည်ဖွင့်ခဲ့တာပါ။

ဆန်ချိုဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဒေါ့မွန်အသင်းဝတ်စုံနဲ့ ကစားနေတဲ့ပုံစံကိုပါ တင်ထားခဲ့တာဖြစ်ပါတယ်။ဆန်ချိုရဲ့အခုအပြောင်းအရွှေ့ဟာ အငှားအပြောင်းအရွှေ့သာဖြစ်ပြီး ရာသီကုန်ချိန်မှာတော့ ယူနိုက်တက်အသင်းထံ ပြန်လာရမှာပါ။ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာလည်း ခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့သြဂုတ်လက နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ၃ ပွဲသာ ကစားထားခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ