Bundesliga

ဘိုင်ယန်မှာ အရန်ခုံထိုင်နေရတဲ့ ကန်ဆယ်လိုနဲ့ ပတ်သက်ပြီး ပြောလာတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းမှာ ပွဲမကစားရလို့ စိတ်ပျက်ပြီး ဇန်နဝါရီအပြောင်းအရွှေ့က ဘိုင်ယန်မြူးနစ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ ကန်ဆယ်လိုဟာ ဂျာမန်ကလပ်မှာလည်း အရန်ခုံပေါ်မှာ ထိုင်နေရလို့ စိတ်ညစ်နေတာဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ်ရောက်ရောက်ချင်းမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ နည်းပြဖြစ်သူ နာဂျယ်လ်စမန်းကက ကန်ဆယ်လိုကို အရန်ကစားသမားအဖြစ်သာ အသုံးပြုခဲ့တာပါ။

အရင်က ကန်ဆယ်လိုဟာ အငှားစာချုပ်ကုန်ဆုံးချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ဖို့ရှိခဲ့ပေမယ့် လက်ရှိအခြေအနေတွေကြောင့် မန်စီးတီးအသင်းဆီကိုသာ ပြန်လာရဖို့ ရှိနေတာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ကန်ဆယ်လိုက ဘိုင်ယန်မြူးနစ်အသင်းနဲ့ရှိနေပါတယ်။ဒါနဲ့ပတ်သက်ပြီး ကျွန်တော်မှတ်ချက်ပေးမှာမဟုတ်ပါဘူး။သူက ဘိုင်ယန်မြူးနစ်ကစားသမားပါ။ရာသီကုန်မှာ ကိစ္စရပ်တွေအားလုံးကို ပြန်ပြီးသုံးသပ်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ နာဂျယ်လ်စမန်းကတော့ ကန်ဆယ်လိုကို အော့စ်ဘတ်နဲ့ ကစားမယ့် ဘွန်ဒစ်လီဂါပွဲစဉ်မှာ ပွဲထွက်အသုံးပြုသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ